အနာဂတ်နဲ့ ပတ်သက်ပြီး မန်ယူနည်းပြအာမိုရင်နဲ့ တိုက်စစ်မှူး ဇီယက်ဇ်ဇီးရဲ့ အေးဂျင့်တို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဟော်လန်တိုက်စစ်မှူးဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် မပျော်မရွှင်ဖြစ်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ အနာဂတ်အစီအစဉ်နဲ့ ပတ်သက်လို့ နည်းပြအာမိုရင်နဲ့ ဆွေးနွေးခဲ့တာပါ။
အီတလီသတင်းစာ Tuttosport ရဲ့ ဖော်ပြချက်အရ ဇီယက်ခ်ဇီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွါဖို့ရှိပြီး အီတလီကလပ် ဂျူဗင်တပ် အပါအဝင် ကလပ်အသင်း အတော်များများက ချိတ်ဆက်မှုတွေရှိနေတယ်လို့ သိရပါတယ်။
မနှစ်ကရာသီက ဘိုလော့ညာအသင်းမှာ ၁၂ ဂိုးသွင်းခဲ့တဲ့ ဟော်လန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီ မန်ယူအသင်းမှာ ၂၃ ပွဲကစားထားပြီး ၃ ဂိုး ပဲသွင်းယူထားတာဖြစ်ပါတယ်။