မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ စပါးအသင်းနဲ့ကစားမယ့် လိဂ်ရှုံးထွက်ဖလား လူစာရင်းကနေ ထပ်မံချန်လှပ်ခံခဲ့ရပါတယ်။
မန်ချက်စတာဒါဘီပွဲစဉ်မှာကတည်းက လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းကနေ ထွက်ခွါဖို့ အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သူပါ။
စပါးနဲ့ကစားရမယ့် လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ် လူစာရင်းမှာ ရက်ရှ်ဖို့ဒ် ချန်လှပ်ခံခဲ့ရပေမဲ့ တောင်ပံကစားသမား ဂါနာချို ပြန်လည်ပါဝင်လာခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ အသင်းမှာ ဆက်ရှိစေချင်ကြောင်း နည်းပြအာမိုရင်က အရိပ်အမြွက် ပြောထားပေမဲ့ ပြောင်းရွှေ့ ကြေး ပေါင်သန်း ၄၀ ခန့် ရရှိမယ်ဆိုရင် မန်ယူအသင်းက ရောင်းချသွားမယ်လို့ သိရပါတယ်။