မန်ယူအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ နှလုံးထိခိုက်ပြီး လဲကျခဲ့တဲ့ မန်စီးတီးပရိသတ် တယောက်ဟာ ဆေးရုံအရောက်မှာ ကွယ်လွန်သွားပါတယ်။
မန်ချက်စတာဒါဘီမှာ မန်စီးတီးက ဦးဆောင်ဂိုး အရင်သွင်းခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ မန်ယူအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားတာပါ။
မန်စီးတီးအသင်းရဲ့ ဝင်ပေါက်တခုအနီးမှာ ပရိသတ်တယောက် လဲကျနေခဲ့ပြီး အမျိုးသမီးငယ် တယောက်က နှလုံးခုန်စက် တောင်းဆိုနေခဲ့ပြီး လုံခြုံရေးတွေကလည်း လာရောက်ကူညီခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။
အဲဒီနောက် ဆေးရုံတင်ပို့ခဲ့ပြီးမှာ ကွယ်လွန်သွားတာလို့ သိရပါတယ်။ သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိသေးပေမဲ့ မန်စီးတီးဘက်ကတော့ ပရိသတ်တယောက် ကွယ်လွန်သွားမှုအတွက် ကျန်ရစ်သူမိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo-Reuters