မန်စီးတီးအသင်းနဲ့ ဒါဘီပွဲစဉ်မတိုင်ခင် တရက်အလိုမှာ အသင်းလူစာရင်း ပေါက်ကြား ပျံ့နှံ့ခဲ့တဲ့အပေါ် မန်ယူနည်းပြ အာမိုရင်က သတိပေး ပြောကြားလိုက်ပါတယ်။
မန်စီးတီးနဲ့ပွဲစဉ်အတွက် မန်ယူအသင်းလူစာရင်းမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ မပါဝင်တဲ့ သတင်းက ပွဲမတိုင်ခင် တရက်အလိုကတည်းက ပျံ့နှံ့နေခဲ့တာပါ။
ဒီနေ့ခေတ်မှာ ကစားသမားတွေက အေးဂျင့်တွေနဲ့ စကားပြောဆိုကြသလို အသင်းဝန်ထမ်းတွေလည်း အများကြီးရှိတာကြောင့် သတင်းပေါက်ကြားမှုကို တားဆီးနိုင်ဖို့ ခက်ခဲကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။
ဒါပေမဲ့ ဒီလို သတင်းပေါက်ကြားတာက ကောင်းမွန်တဲ့လက္ခဏာတော့ မဟုတ်ကြောင်း၊ လာမယ့်ပွဲစဉ်တွေမှာတော့ ပွဲထွက်လူစာရင်း ကြိုတင်ပေါက်ကြားမှု ထပ်မဖြစ်ဖို့လိုအပ်ကြောင်း နည်းပြအာမိုရင်က သတိပေးသွားပါတယ်။