မန်ယူအသင်းဟာ စပိန်ကလပ် ဂျီနိုအာအသင်းရဲ့ ဘယ်နောက်ခံကစားသမား ဂူတီယာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ဘယ်နောက်ခံလူတွေဖြစ်တဲ့ မာလာစီယာနဲ့ လုခ်ရှောတို့ ပြန်လည်ကစားနိုင်ပြီဖြစ်ပေမဲ့ ကာလရှည် အနားယူခဲ့ရတာကြောင့် ပုံမှန်ခြေစွမ်းမရသေးတဲ့အပေါ် ကစားသမားသစ်နဲ့ အစားထိုးဖို့ နည်းပြ အာမိုရင်က တောင်းဆိုခဲ့တာပါ။
အသက် ၂၃ နှစ်ရှိ စပိန်ဘယ်နောက်ခံလူ မီဂွယ် ဂူတီယာရက်ဇ်ကို ၂၀၂၄ ခုနှစ်အစောပိုင်းကတည်းက မန်ယူအသင်းက ကင်းထောက်လွှတ်ပြီး စောင့်ကြည့်စေခဲ့ကြောင်း စပိန်မီဒီယာတွေမှာဖော်ပြပါတယ်။
ဂူတီယာရက်ဇ်ရဲ့ ဘောလုံးအတွေးအခေါ် နဲ့ တိုက်စစ်လိုက်ပါကစားနိုင်မှုအပေါ် မန်ယူအသင်းက သဘောကျနေပြီး လာမယ့်ဇန်နဝါရီမှာ ကမ်းလှမ်းဖို့ရှိပါတယ်။
ရီးရဲလ်မက်ဒရစ်အကယ်ဒမီထွက် နောက်ခံလူအတွက် လျော်ကြေးပေါင် ၂၉ သန်း သတ်မှတ်ထားပြီး ဂျီနိုအာအသင်း ရရှိမယ့် အပြောင်းအရွှေ့ရဲ့ ထက်ဝက်ကို ရီးရဲလ်အသင်းက ပြန်လည်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။