Home
အားကစား
စိန်ခေါ် မှုအသစ်များအတွက် မန်ယူမှ ထွက်ခွာရန် အသင့်ရှိဟု ရက်ရှ်ဖို့ဒ်ပြော
DVB
·
December 18, 2024
Photo: REUTERS/Molly Darlington

စိန်ခေါ်မှုအသစ်တွေအတွက် မန်ယူအသင်းကနေ ထွက်ခွာဖို့ အသင့်ရှိကြောင်း တိုက်စစ်မှူး မာကပ် ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ငယ်စဉ်က  တက်ခဲ့ဖူးတဲ့ မူလတန်းကျောင်းဆီ သွားရောက်လည်ပတ်ခဲ့ချိန်မှာ မန်ယူကနေ ထွက်ခွာမယ့် အနာဂတ်အစီအစဉ်ကို ထည့်သွင်းပြောသွားခဲ့တာပါ။

နောက်ထပ်ခြေလှမ်းသစ်တွေနဲ့ စိန်ခေါ်မှုအသစ်တွေအတွက် အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ရှိနေပြီး၊ ထွက်ခွာချိန်မှာ မန်ယူနိုက်တက်အသင်းနဲ့ပတ်သက်လို့ မကောင်းတဲ့ သတင်းတွေ ထုတ်ဖော်ပြောသွားဖို့ မရှိကြောင်း၊ သူဟာ မန်ယူအသင်းပရိသတ်တယောက် အမြဲတမ်း ဖြစ်နေမှာဖြစ်ကြောင်း ဂျာနယ်လစ် ဟင်နရီဝင့်တားနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောခဲ့တာပါ။

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းကနေ ထွက်ခွာမယ့်အကြောင်း ပြောဆိုပြီး နောက်တနေ့မှာပဲ ဖျားနာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းလေ့ကျင့်ရေးကွင်းကနေ အိမ်ပြန်စေလွှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013