ဒဏ်ရာပြဿနာတွေရှိပေမဲ့ အရှုံးပေး လက်လျှော့မှာမဟုတ်ကြောင်း မန်ယူပရိသတ်တွေကို ကွင်းလယ် ကစားသမားမေဆန်မောင့်က ကတိပေးသွားပါတယ်။
မေဆန်မောင့်ဟာ မနှစ်က စတာလင်ပေါင် သန်း ၆၀ နဲ့ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် စုစုပေါင်း ၃၃ ပွဲပဲ ကစားခဲ့ရတာပါ။
မန်ယူပရိသတ်တွေအနေနဲ့ မိမိရဲ့အကြောင်းကို သိပ်ပြီးသိမှာတောင် မဟုတ်သေးပေမဲ့ ကတိပေးနိုင်တဲ့ အချက်တချက်ကတော့ အရှုံးပေးလက်လျှော့သွားမှာမဟုတ်ကြောင်း မေဆန် မောင့်ကပြောပါတယ်။
မောင့်ဟာ မန်ချက်စတာဒါဘီမှာ ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ပွဲအစ ၁၅ မိနစ်မှာပဲ ကြွက်သား ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပါ။
မေဆန်မောင့်အနေနဲ့ ရက်သတ္တပတ် အတော်များများ အနားယူရနိုင်ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။