တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အနေနဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူကနေ ထွက်ခွာသင့်ကြောင်း နောက်ခံလူဟောင်း နဗီးလ်က တိုက်တွန်းသွားပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီမှာကတည်းက လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး စပါး၊ ဘုန်းမောက်အသင်းတွေနဲ့ ပွဲတွေမှာလည်း ဆက်လက်ချန်လှပ်ခံခဲ့ရသူပါ။
ရက်ရှ်ဖို့ဒ် အသင်းကနေ ထွက်ခွာမယ်ဆိုရင် သူ့အတွက်ရော အသင်းအတွက်ပါ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဖြစ်လာမှာဖြစ်ပြီး ဂျေဒန်ဆန်ချိုနဲ့ မက်တွန်မီနေးတို့ရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး နဗီးလ်က ပြောသွားပါတယ်။
မန်ယူအကယ်ဒမီထွက်ကစားသမားတယောက်ဖြစ်သူ ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၆ ခုနှစ်က စတင်ပွဲထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း ၄၂၆ ပွဲအထိ ကစားကာ ၁၃၈ ဂိုး သွင်းယူထားပါတယ်။