တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့ ကြိုးပမ်းနေကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အသင်းကနေ ထွက်ခွါမယ်လို့ သတင်းထွက်နေတာပါ။
မန်ယူနည်းပြ အာမိုရင်ကတော့ ရက်ရှ်ဖို့ဒ်ဟာ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်ဖို့ ဆန္ဒရှိပြီး လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားနေကြောင်း ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ကို သင့်တော်မှန်ကန်တဲ့ အချိန်တခုရောက်ရင် ပြန်လည်အသုံးပြုသွားဖို့ရှိပြီး အဲဒီအချိန်မရောက်ခင်မှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်မယ့်သူကိုသာ အသုံးပြုမှာဖြစ်တယ်လို့ နည်းပြ အာမိုရင်က ပြောသွားပါတယ်။
ရက်ရှ်ဖို့ဒ်က စိန်ခေါ်မှုအသစ်တွေအတွက် မန်ယူကနေ ထွက်ခွါဖို့ အသင့်ရှိကြောင်း အင်တာဗျူးတခုမှာ ပြောထားပါတယ်။