စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိကြောင်း မန်ယူနည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၃ နေရာအထိ ကျဆင်းသွားခဲ့တာပါ။
မန်ယူအသင်းသားတွေအနေနဲ့ တည်ကန်ဘောတွေကို ကာကွယ်နိုင်ဖို့လိုအပ်ပြီး တာဝန်ခံမှုရှိရမယ့် သူကတော့ မိမိကိုယ်တိုင်ဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
မန်ယူအသင်းနည်းပြချုပ်ရာထူးက ခက်ခဲမယ်ဆိုတာ ကြိုတွေးထားပြီး ကစားသမား တယောက်ချင်းစီရဲ့ အကောင်းဆုံးခြေစွမ်းရချင်ကြောင်း၊ စိန်ခေါ်မှုအသစ်တွေကိုလည်း ရင်ဆိုင်ကျော်ဖြတ်သွားဖို့ အသင့်ရှိကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကို အသုံးပြုဖို့ ရှိ၊ မရှိက ကစားသမားဖြစ်သူရဲ့ အပေါ်မှာပဲ မူတည်ကြောင်းလည်း နည်းပြက ပြောသွားပါတယ်။