အီတလီကလပ် ဂျူဗင်တပ်အသင်းဟာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ နောက်ဆုံး ၄ ပွဲဆက်တိုက် ချန်လှပ်ခံခဲ့ရပြီး အသင်းကနေ ထွက်ခွာဖို့အသင့်ရှိကြောင်း ပြောဆိုထားသူပါ။
မန်ယူအသင်းဟာ ရက်ရှ်ဖို့ဒ်အတွက် ဂျူဗင်တပ်အသင်းဆီ ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ပေမဲ့ အီတလီကလပ်ဘက်က ပယ်ချခဲ့ကြောင်း The Sun သတင်းမှာ ဖော်ပြပါတယ်။
ဂျူဗင်တပ်အသင်းဟာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူလိုခြင်းမရှိပေမဲ့ တိုက်စစ်မှူး ဇီယက်ဇီးကိုတော့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
ဟော်လန် တိုက်စစ်မှူးဟာ အခုနှစ်ရာသီအစပိုင်းက ဘိုလော့ညာကနေ ပေါင် ၃၆ သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘိုလော့ညာနည်းပြဟောင်းဖြစ်တဲ့ ဂျူဗင်တပ်နည်းပြ သီယာဂိုမော့တာက ပြန်လည်ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။