Home
အားကစား
မန်ယူအသင်း နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အိမ်ကွင်း ၃ ပွဲဆက်ရှုံး
DVB
·
December 31, 2024
Photo : Reuters

မန်ယူနိုက်တက်အသင်းဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း ၃ ပွဲဆက်တိုက် ရှုံးနိမ့်သွားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရတာပါ။

၁၉၆၂-၆၃ ဘောလုံးရာသီမှာ အိမ်ကွင်း ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီး နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အိမ်ကွင်း ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရတာပါ။

မန်ယူအသင်းဟာ နယူးကာဆယ် အပါအဝင် နော်တင်ဟမ်၊ ဘုန်းမောက်အသင်းတွေနဲ့ အိမ်ကွင်းပွဲတွေမှာလည်း ရှုံးပွဲတွေ့ခဲ့တာပါ။

ဒီရလဒ်ကြောင့် အဆင့် ၁၄ အထိ ရောက်ရှိသွားတဲ့ မန်ယူအသင်းဟာ တန်းဆင်းဇုန် အဆင့် ၁၈ က အစ်ဆွစ်အသင်းနဲ့ ၇ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။

အခုလို တန်းဆင်းဇုန်နဲ့ နီးကပ်လာတဲ့အပေါ် တိုက်ပွဲဝင်သွားဖို့ လိုအပ်ကြောင်း မန်ယူနည်းပြ အာမိုရင်က ပြောပါတယ်။

မန်ယူအသင်းအနေနဲ့ တန်းဆင်းဇုန်နဲ့ နီးကပ်လာတဲ့အပေါ် နည်းပြအာမိုရင်က သိရှိနားလည်ကြောင်း ပြောခဲ့ပြီး အဲဒီအတွက် တိုက်ပွဲဝင်သွားရမယ်လို့ နယူးကာဆယ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ရှိအခြေအနေဟာ မန်ယူချက်စတာယူနိုက်တက်အသင်းရဲ့ သမိုင်းတလျှောက် အခက်ခဲဆုံး အခိုက်အတန့်တခုဖြစ်ကြောင်း၊ မိမိရဲ့ကစားကွက်နဲ့ နည်းဗျူဟာတွေကို ပြုပြင်ပြောင်းလဲ ကစားစေဖို့တော့ မရှိကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013