မန်ယူနည်းပြ ရူဘင်အာမိုရင်ဟာ လက်ရှိဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်မှူး ယိုကာရက်စ်ကို ခေါ်ယူဖို့ မန်ယူအသင်းဘုတ်အဖွဲ့ကို တောင်းဆိုထားပါတယ်။
ကနဦးက လာမယ့် နွေရာသီရောက်မှပဲ ကစားသမားသစ်တွေ ခေါ်ယူဖို့ ဆုံးဖြတ်ထားပေမဲ့ လက်ရှိအသင်းရဲ့ အခြေအနေအရ ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ တောင်းဆိုခဲ့တာလို့ Daily Star သတင်းမှာ ဖော်ပြပါတယ်။
နည်းပြအာမိုရင်ဟာ အသင်းဟောင်း စပို့တင်းမှာ လက်တွဲခဲ့တဲ့ ဆွီဒင် တိုက်စစ်မှူး ယိုကာရက်စ်ကို ဦးစားပေးပစ်မှတ်အဖြစ် ခေါ်ယူဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်ရှိ ဗစ်တာယိုကာရက်စ်ဟာ အခုနှစ်ရာသီ ပေါ်တူဂီလိဂ် ၁၆ ပွဲ အပြီးမှာ ၁၈ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။