မန်ယူတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို ခေါ်ဖို့ ဥရောပ ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။
အဲဒီကစားသမား ၂ ယောက်ဟာ နည်းပြ အာမိုရင် လက်ထက်မှာ ပွဲထွက်ခွင့် နည်းပါးနေပြီး ပွဲကစားခွင့် ပိုမိုရရှိနိုင်မယ့် အသင်းတွေဆီ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေမှာ ဂျူဗင်တပ်နဲ့ အေစီမီလန်အသင်းတွေ အပါအဝင် ဒေါ့မွန်အသင်းကပါ ရက်ရှ်ဖို့ဒ်ကိုခေါ်ဖို့ စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်မယ့်နည်းလမ်းကို ရှာဖွေနေတယ်လို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။
ဘရာဇီးကစားသမား အန်တိုနီကိုတော့ ဂရိကလပ် အိုလံပီယာကော့စ်အသင်းက ခေါ်ယူလိုနေပြီး တခြားကလပ်အသင်းအတော်များများရဲ့ ချိတ်ဆက်မှုတွေလည်း လက်ခံရရှိကြောင်း အန်တိုနီရဲ့ အေးဂျင့်ဖြစ်သူ ဂျူနီယာပတ်ဒရိုဆိုက ပြောထားပါတယ်။
Photo-Reuters