မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ်နဲ့ ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ တော့တင်ဟမ်ဟော့စပါးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ နည်းပြအာမိုရင်နဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် အသင်းကနေ ထွက်ခွါဖို့ ဆန္ဒရှိနေတာပါ။
ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ အီတလီကလပ် အေစီမီလန်အသင်းကလည်း စကားပြောဆိုနေပြီး ဒေါ့မွန်၊ ဂျူဗင်တပ် အစရှိတဲ့ အသင်းတွေကလည်း ခေါ်ယူလိုနေတာပါ။
ဒီလိုအခြေအနေမှာ ပြိုင်ဘက်တွေထက် လက်ဦးမှုရယူနိုင်ဖို့ စပါးအသင်းက ကြိုးပမ်းလာခဲ့တာပါ။
မန်ယူအသင်းဘက်က ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ အပြီးသတ်ရောင်းချလိုပေမဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်လည်း လိုက်လျောသွားဖို့ ရှိနေပါတယ်။