အာဆင်နယ်အသင်းဆုဖလားရဖို့ ဆိုရင် တိုက်စစ်မှူးကောင်း တယောက် လိုအပ်ကြောင်း အသင်း တိုက်စစ်မှူးဟောင်း အူဘာမီယန်းက ပြောပါတယ်။
အာဆင်နယ်မှာ တခုခုလိုအပ်ချက်နေပြီး အထူးသဖြင့် ဂိုးသွင်းစက် တယောက်လိုအပ်ကြောင်း၊ ဘယ်လိုကစားသမားလဲဆိုရင် မိမိလို ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးလိုအပ်ကြောင်း အူဘာမီယန်း က အရွန်းဖောက်ပြီးပြောပါတယ်။
လက်ရှိအချိန်မှာဆော်ဒီကလပ် အယ်ကတ်ဆိုင်ယာမှာ ကစားနေတဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံမှာ ဂိုး ၁၀၀ ပြည့်အောင် အမြန် ဆုံးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်စုစုပေါင်း ၁၆၃ ပွဲမှာ ၉၂ ဂိုးသွင်း ယူနိုင်ခဲ့သူပါ။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အူဘာမီယန်းဟာ ကိုဗစ်ကာလအတွင်း မိခင်ဖြစ်သူရဲ့ ကျန်းမာရေး ကိစ္စအတွက် ခွင့်ပြုချက်မယူဘဲ ခရီးသွားခဲ့ပြီးနောက် နည်းပြ အာတီတာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
Photo-Reuters