အီတလီကလပ် လက်ချီနောက်ခံလူ ဒေါ်ဂူအတွက် မန်ယူအသင်းရဲ့ ဒုတိယအကြိမ် ကမ်းလှမ်း ထပ်မံပယ်ချခံခဲ့ရပါတယ်။
အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင် ပတ်ထရစ်ဒေါ်ဂူဟာ ဘယ်နဲ့ညာ တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်ပြီး မန်ယူနည်းပြ အာမိုရင်ရဲ့ ၃-၄-၃ ကစားကွက်မှာ လိုအပ်နေတဲ့ ဘယ်တောင်ပံကစားသမားနေရာအတွက် ခေါ်ယူလိုနေတာပါ။
မန်ယူအသင်းရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမူမှာ ပေါင် ၂၅ သန်းကျော်အထိ ရှိခဲ့ပေမဲ့ လက်ချီအသင်းက ပယ်ချသွားခဲ့တာပါ။
မန်ယူအသင်းဟာ ဒေါ်ဂူကို ဆက်လက် ကမ်းလှမ်းသွားမှာဖြစ်ပေမဲ့ အပြောင်းအရွှေ့မပိတ်ခင် အဆင်မပြေနိုင်ဘူးဆိုရင်တော့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းရဲ့ ဘယ်နောက်ခံလူဟောင်း အယ်လ်ဗာရိုဖာနန်ဒက်ဇ်ကို အစာထိုးခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို သိရပါတယ်။
မန်ယူအကယ်ဒမီထွက် ဘယ်နောက်ခံလူဟာ ဘင်ဖီကာအတွက် ၃၁ ပွဲကစားရာမှာ ၃ ဂိုးသွင်း ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။