
ပီအက်စ်ဂျီအသင်းကို အနိုင်ယူခဲ့တာက ဗီလာအသင်းကို နောက်တဆင့် မြင့်တက်စေကြောင်း နည်းပြ အူနိူင်းအမ်မရီက ပြောသွားပါတယ်။
ဗီလာအသင်းဟာ ပထမအကျော့မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ ပြန်လည်အနိုင်ယူခဲ့ပြီး ချေပဂိုးပြန်လည်ရရှိမယ့် ဂိုးသွင်းခွင့်အများအပြားလည်း ရရှိခဲ့တာပါ။
ဗီလာအသင်းအနေနဲ့ ပီအက်စ်ဂျီနဲ့ နှစ်ကျော့စလုံးကို ကောင်းမွန်စွာယှဉ်ပြိုင်နိုင်ခဲ့ပြီး ဒုတိယ အကျော့မှာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာက အသင်းအတွက် အမြင့်မားဆုံးအောင်မြင်မှု ဖြစ်ကြောင်း၊ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ထပ်မံရယူဖို့လိုအပ်ကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
ပီအက်စ်ဂျီနဲ့ပွဲစဉ်က အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကျေနပ်မိပြီး ဗီလာရဲ့ အဆင့်အတန်းကို ပြသနိုင်ခဲ့ကြောင်းလည်း နည်းပြအမ်မရီက ပြောသွားပါတယ်။