
ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်အတွက် ယုံကြည်မှုရှိတယ်လို့ အက်စ်တွန်ဗီလာ နည်းပြ အူနိုင်းအမ်မရီက ပြောပါတယ်။
ဗီလာအသင်းဟာ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ ယုံကြည်ကြောင်း အမ်မရီက ပြောခဲ့တာပါ။
ပီအက်စ်ဂျီနဲ့ ဒုတိယအကျော့ပွဲစဉ်က ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်ပေမဲ့လည်း အိမ်ကွင်းပရိသတ်တွေနဲ့ အတူ တောင့်တင်းတဲ့အသင်းတသင်း ဖြစ်လာအောင် ကစားနိုင်စွမ်းရှိတယ်လို့ အမ်မရီက ပြောပါတယ်။
ဗီလာအသင်းဟာ ပထမအကျော့မှာ ဂိုးပေါက်ကန်သွင်းချက် ၇ ကြိမ်ပဲ ရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းက ၂၉ ကြိမ်အထိ ရှိခဲ့ပါတယ်။