Home
အားကစား
ဂရင်စ်ဘီတောင်းနှင့် လိဂ်ဖလားပွဲကို ပြန်ယှဉ်ပြိုင်ရန် မန်ယူ တောင်းဆိုမည်မဟုတ်
DVB
·
September 4, 2025
Photo :Reuters

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဂရင်စ်ဘီတောင်းအသင်းနဲ့ လိဂ်ဖလားပွဲစဉ်ကို ပြန်လည်ယှဉ်ပြိုင်ဖို့ တောင်းဆိုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဂရင်စ်ဘီတောင်းက မန်ယူအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ကရာဘောင် လိဂ်ဖလားရူံးထွက်ပွဲစဉ်မှာ  ဂရင်စ်ဘီတောင်ဘက်က တရားမဝင်ကစားသမားလို့ သတ်မှတ်ရမယ့် သူကို ထည့်သွင်းအသုံးပြုခဲ့တာပါ။

အဲဒီအပေါ် မန်ယူအသင်းဘက်က ပွဲပြန်လည် ကစားဖို့ တောင်းဆိုတော့မှာမဟုတ်ကြောင်း သတင်းထွက်ပေါ်လာတာပါ။

လိဂ်တူးကလပ် ဂရင်စ်ဘီတောင်းဟာ  ကင်ညာကွင်းလယ်လူ ကလက်ခ်အဒူဝါအတွက် မှတ်ပုံတင်ရာမှာ တမိနစ် နောက်ကျ ခဲ့တာကြောင့် ပြိုင်ပွဲစည်းမျဉ်းအရ တရားမဝင်ကစားသမားအဖြစ် သတ်မှတ်နိုင်တာပါ။

အဲဒီအပေါ် ကွန်ပြူတာစနစ် ချွတ်ယွင်းမှုကြောင့် ကစားသမားမှတ်ပုံတင်ရာမှာ တမိနစ်နောက်ကျခဲ့တာဖြစ်ကြောင်း ဒဏ်ကြေးရိုက်ခံရမှု အပေါ်မှာတော့ လက်ခံပြီး အနာဂတ်မှာ အဲဒီလိုနောက်ကျမှုမဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

EFL ဘက်ကတော့ ကစားသမားသစ် အဒူဝါကို မှတ်ပုံတင်ရာမှာ တမိနစ်နောက်ကျခဲ့တဲ့ ဂရင်စ်ဘီတောင်းအသင်းကို ပေါင် ၂၀,၀၀၀ ဒဏ်ရိုက်ခဲ့ ပါတယ်။

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013