Home
အားကစား
အင်္ဂလန်အသင်း နောက်ပြန်သွားနေဟု မန်ယူဂန္ထဝင် ရွိုင်ကိန်း ဝေဖန်
DVB
·
September 7, 2025
Photo: REUTERS/Dylan Martinez

အင်္ဂလန်အသင်း နောက်ပြန်သွားနေကြောင်း မန်ယူနိုက်တက်ဂန္ထဝင် ရွိုင်ကိန်းက ဝေဖန်သွားပါတယ်။

စက်တင်ဘာ ၇ ရက်က ဗီလာပါ့ခ်မှာ အသင်းငယ် အန်ဒိုရာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အင်္ဂလန်ရဲ့ ကစားပုံအပေါ်  ရွိုင်ကိန်းက ဝေဖန်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ အန်ဒိုရာအသင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ဂိုးအပါအဝင် ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပွဲကိုထိန်းချုပ် ကစားနိုင်ပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့တဲ့အပေါ်  ရွိုင်ကိန်းက ဝေဖန်ခဲ့တာပါ။

အင်္ဂလန်အသင်းရဲ့ပုံစံက လွန်ခဲ့တဲ့နှစ်ကာလတွေ အများကြီးနောက်မှာ ရောက်ရှိနေပြီး နည်းပြ တူဟယ်အနေနဲ့လည်း အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်မယ်လို့ မထင်ကြောင်း ရွိုင်ကိန်းက ပြောပါတယ်။

အထူးသဖြင့် ဒုတိယပိုင်းက ကစားပုံက နောက်ပြန်ပေးလိုက်၊ ဘေးကိုပေးလိုက်နဲ့ အရင် အချိန်တွေက ကစားပုံအတိုင်းဖြစ်နေပြီး နောက်ပြန်ပေးတဲ့ ဘောလုံးတွေလည်း အလွန်များကြောင်း ရွိုင်ကိန်းက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013