
မန်ယူအသင်းဟာ ဂိုးသမား အိုနားနားကို တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းဆီ တရာသီ အငှားချဖို့ သဘောတူလိုက်ပါတယ်။
ဘယ်လ်ဂျီယံဂိုးသမား လမ်မန်စ်ကို ခေါ်ယူခဲ့ပြီးနောက် အိုနားနားကို အငှားချဖို့ မန်ယူအသင်းက ဆုံးဖြတ်ခဲ့တာပါ။
ကင်မရွန်းဂိုးသမား ဂရင်စ်ဘီတောင်းနဲ့ လိဂ်ဖလားပွဲစဉ်မှာလည်း အမှားတချို့ရှိခဲ့တာကြောင့် မန်ယူအသင်းက ဂိုးသမားအသစ် ထပ်ခေါ်လိုက်တာပါ။
တူရကီလိဂ် အပြောင်းအရွှေ့က စက်တင်ဘာ ၁၂ ရက်အထိ ဖွင့်လှစ်ထားတာကြောင့် အဲဒီရက်မတိုင်ခင် အပြီးသတ် လုပ်ဆောင်ဖို့ နှစ်ဖက်အသင်းတွေဘက်က လုပ်ဆောင်နေကြပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲကို တူရကီဂိုးသမား ဘေရင်ဒါက ပွဲထွက်ခဲ့ပေမဲ့ ရှေ့လာမယ့် ပွဲစဉ်တွေမှာ ဘယ်လ်ဂျီယံဂိုးသမား လမ်မန်စ်ကို ပွဲထွက်ခွင့်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။