
မန်ချက်စတာယူနိုက်တက်အသင်းဟာ နှစ်ရှည်စီမံကိန်းနဲ့ သွားနေတာဖြစ်ကြောင်း နည်းပြရူဘင်အာမိုရင်က ပြောသွားပါတယ်။
မိမိရဲ့နည်းစနစ်ကစားကွက်အပေါ် ပုပ်ရဟန်းမင်းကြီးကတောင် ပြောင်းလဲနိုင်မှာမဟုတ်ဘဲ မိမိအလုပ်၊ မိမိရဲ့တာဝန်နဲ့ မိမိရဲ့ဘဝကို ပြောင်းလဲသွားဖို့မရှိကြောင်း အာမိုရင်က ပြောပါတယ်။
အခုတပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ နည်းပြအာမိုရင်က အသင်းကို နှစ်ရှည်စီမံကိန်းနဲ့ သွားနေတာဖြစ်တယ်ဆိုတာ မိမိအပါအဝင် အသင်းပူးတွဲပိုင်ရှင်ကပါ ကြိမ်ဖန်များစွာရှင်း ပြခဲ့ပြီးဖြစ်တယ်လို့ ထည့်သွင်းပြောသွားခဲ့တာပါ။
အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်နဲ့ တွေ့ဆုံခဲ့တာက သာမန်ကိစ္စသာဖြစ်ပြီး မိမိကို စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ကြောင်း အာမိုရင်က ဟာသလုပ်ပြီး သတင်းထောက်တွေကို ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။
Photo:Reuters