
မန်ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်အတွက် အသင်းသားအားလုံးကို တောင်းပန်ကြောင်း ချဲလ်ဆီးဂိုးသမား ဆန်းချက်ဇ်က ပြောသွားပါတယ်။
စပိန်ဂိုးသမားဟာ ပွဲအစ ၅ မိနစ်မှာပဲ မန်ယူတိုက်စစ်ကစားသမား အမ်ဘူမိုနဲ့ ဘောလုံးယှဉ်လုရာမှာ ကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ် ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
မိမိရဲ့အမှားကြီးအတွက် အလွန်စိတ်မကောင်းဖြစ်မိပြီး အသင်းသား အားလုံးကို တောင်းပန်ကြောင်း၊ ဒုတိယပိုင်းမှာ အသင်းသားတွေ အားကုန်ထုတ်ကြိုးပမ်းခဲ့ပေမဲ့ မျှော်လင့်သလို မဖြစ်ခဲ့ကြောင်း ဆန်းချက်ဇ်က ပြောသွားပါတယ်။
မန်ယူဘက်ကို ချေပဂိုးတဂိုး သွင်းခဲ့တဲ့ ချာလိုဘတ်ကတော့ ပထမပိုင်း ၁၅ မိနစ်ကစားပုံက အဆိုးရွာဆုံး ကစားပုံ ဖြစ်ခဲ့ပြီး အမှားတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်သွားဖို့ လိုအပ်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောသွားပါတယ်။