Home
အားကစား
ဈေးအကြီးဆုံးကစားသမားစာရင်း၌ ချဲလ်ဆီးအသင်း ထိပ်ဆုံးရပ်တည်
DVB
·
September 20, 2025
Photo :Reuters

ဈေးအကြီးဆုံးကစားသမားစာရင်းမှာ ချဲလ်ဆီးအသင်းကနံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။

ဘောလုံးအချက်အလက်ကုမ္ပဏီတခုဖြစ်တဲ့ Football Observatory ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းက ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားစာရင်းပိုင်ဆိုင်ထားတာပါ။

ကစားသမားတွေရဲ့ လက်ရှိတန်ကြေးထက် ဝယ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးကို စုပေါင်းတွက်ချက်ထားတာဖြစ်ပြီး ချဲလ်ဆီးအသင်းက ဈေးအကြီးဆုံးအသင်းဖြစ်ခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်အတွက် ပေါင် ၁၀၅ သန်းပေးခဲ့ရသလို ကိုင်ဆီဒိုအတွက် ပေါင် ၁၁၅ သန်း၊ ဝက်စ်လေဖိုဖာနာအတွက် ပေါင်သန်း ၇၀၊ မူဒရတ်ခ်အတွက် ပေါင် ၈၉ သန်း အသီးသီးပေးချေခဲ့ရတာပါ။

ချဲလ်ဆီးအသင်းက ပေါင် ၁ ဒသမ ၁၄ ဘီလီယံနဲ့ ဈေးအကြီးဆုံး ကစားသမားစာရင်းမှာ ဦးဆောင်နေပြီး မန်စီးတီးလူစာရင်းက ပေါင်သန်း ၉၈၀နဲ့ ဒုတိယ၊ မန်ယူနိုက်တက်  လူစာရင်းက ပေါင် ၉၃၃ သန်းနဲ့ တတိယ၊ လီဗာပူးရဲ့ လူစာရင်းက ပေါင် ၉၂၈ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်ပါတယ်။

အာဆင်နယ် လူစာရင်းက ပေါင် ၈၇၂ သန်းရှိပြီး စပါး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်၊ အက်သလက်တီကို၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်အစရှိတဲ့အသင်းတွေက အစဉ်လိုက် ရပ်တည်ပါတယ်။

ဘာစီလိုနာအသင်းက ပေါင် ၄၀၃ သန်းနဲ့ အဆင့် ၁၄ မှာရပ်တည်ခဲ့ပြီး ပေါင်သန်း ၄၃၀ နဲ့ ဝက်စ်ဟမ်းအသင်းက အဆင့် ၁၃ နေရာမှာရပ်တည်ခဲ့ပါတယ်။ 

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013