
ချဲလ်ဆီးအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်လို့ တောင်ပံကစားသမားသစ် ဂါနာချိုက ပြောသွားပါတယ်။
မန်ယူနိုက်တက်ကနေ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာပြီးနောက် အသင်းနဲ့ တရားဝင်စာချုပ် ချုပ်ဆိုအပြီးမှာ ဂါနာချိုက ပြောခဲ့တာပါ။
အသက် ၂၁ နှစ်ရှိ အာဂျင်တီးနား ကစားသမားကို ချဲလ်ဆီးအသင်းက ၇ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပြန်လည်ရောင်းချမယ်ဆိုရင် မန်ယူအသင်းက ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်း ရရှိမယ်ဆိုတဲ့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေကို ကြည့်ရှုခဲ့ပြီး ကမ္ဘာ့ချန်ပီယံအသင်းဆီ ပြောင်းရွှေ့ခွင့်ရတာက ထူးခြားကြောင်း၊ ချဲလ်ဆီးအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပြီး အသင်းနဲ့အတူ စတင်ပွဲထွက်ဖို့ မစောင့်နိုင်တော့ကြောင်း ဂါနာချိုက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်က အက်သလက်တီကိုကနေ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ဂါနာချိုဟာ ယူနိုက်တက်မှာ ၁၄၄ ပွဲကစားခဲ့ပြီး ၂၆ ဂိုးသွင်းယူပေးခဲ့ပါတယ်။