
ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့မယ့် အစီအစဉ်ပျက်ပြယ်သွားတဲ့အပေါ် ချဲလ်ဆီးအသင်းကို တိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်က ဒေါသထွက်နေတယ်လို့ သိရပါတယ်။
ဆီနီဂေါ တိုက်စစ်မှူးဟာ ဘိုင်ယန်ဆီ ပြောင်းရွှေ့ဖို့ ခွင့်ပြုချက်ရခဲ့ပြီး ဆေးစစ်ဖို့အထိ စီစဉ်ထားပေမဲ့ အသင်းပြောင်းရွှေ့ခွင့်မပြုတော့တာပါ။
ချဲလ်ဆီးအသင်းဟာ ဖူဟမ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပွဲအစ ၁၄ မိနစ်မှာပဲ တိုက်စစ်မှူး ဒီလတ်ဖ် ဒဏ်ရာရသွားတာကြောင့် ဘိုင်ယန်နဲ့ ဆေးစစ်ဖို့ စီစဉ်နေတဲ့ ဂျက်ဆင်ကို ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။
ဆီနီဂေါမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဂျက်ဆင်ဟာ ချဲလ်ဆီးအသင်းက ပြန်ခေါ်ထားပေမဲ့ အသင်းဆီ ပြန်သွားလိုစိတ်မရှိတော့ဘူးလို့ ဖော်ပြကြပါတယ်။
ဘိုင်ယန် အားကစားဒါရိုက်တာကလည်း ဂျက်ဆင်နဲ့ အပြောင်းအရွှေ့ ပျက်ပြယ်သွားကြောင်း အတည်ပြုခဲ့ပြီး ကစားသမားဖြစ်သူနဲ့ အေးဂျင့်တို့ကို လန်ဒန်ဆီ ပြန်ဖို့ ပြောသွားမှာဖြစ်ကြောင်းနဲ့ ဂျက်ဆင်က ချဲလ်ဆီးကစားသမား ဖြစ်တာကြောင့် အသင်းဘက်က ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ပြောသွားပါတယ်။