
ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့တော့မယ့် ဂါနာချိုဟာ မန်ယူအသင်းသမိုင်းတလျှောက် စတုတ္ထမြောက် တန်ဖိုးအရှိဆုံး ရောင်းချမှု ဖြစ်လာတော့မှာပါ။
အာဂျင်တီးနား ကစားသမားအတွက် ချဲလ်ဆီးအသင်းက ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီး ပြန်လည်ရောင်းချမှုမှာ မန်ယူအသင်းက ၁၀ ရာခိုင်နူန်းရရှိမယ့် သဘောတူညီမှုလည်း ပါဝင်ပါတယ်။
ဂါနာချိုရဲ့ ပေါင်သန်း ၄၀ တန်ဖိုးရှိ အပြောင်းအရွှေ့ဟာ ယူနိုက်တက်သမိုင်းတလျှောက် စတုတ္ထမြောက် တန်ဖိုးအရှိဆုံး ရောင်းချမှုဖြစ်လာမှာပါ။
တန်ဖိုးအရှိဆုံး ရောင်းချမှုက စီရော်နယ်ဒိုကို ပေါင်သန်း ၈၀ နဲ့ ရီးရဲလ် မက်ဒရစ်ဆီရောင်းချခဲ့တာဖြစ်ပြီး လူကာကူကို ပေါင် ၇၃ သန်း၊ အိန်ဂျယ်ဒီမာရီယာကို ပေါင် ၄၄ သန်းနဲ့ အသီးသီးရောင်းချခဲ့တာတွေ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိ ဂါနာချိုဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၁၄၄ ပွဲ ကစားခဲ့ပြီး ၂၆ ဂိုးသွင်းယူပေးခဲ့ ပါတယ်။
Photo:Reuters