
အပြောင်းအရွှေ့စည်းမျဉ်း ၇၄ ချက်အထိ ချိုးဖောက်ခဲ့မှုနဲ့ ချဲလ်ဆီးအသင်းကို အင်္ဂလန် အက်ဖ်အေက စွဲချက်တင်လိုက်ပါတယ်။
၂၀၁၀-၂၀၁၁ ရာသီကနေ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီအတွင်းက အပြောင်းအရွှေ့တွေမှာ အေးဂျင့်တွေကို ပေးချေမှုနဲ့ ပတ်သက်လို့ စည်းမျဉ်းချိုးဖောက်ခဲ့ကြောင်း စွဲချက်တင်ခံရတာပါ။
စည်းမျဉ်းချိုးဖောက်ခဲ့တဲ့ အပြောင်းအရွှေ့တွေထဲမှာ အေဒင်ဟာဇက်၊ အီတိုးနဲ့ ဝီလျံတို့ရဲ့ အပြောင်းအရွှေ့တွေလည်း ပါဝင်ပါတယ်။
ချဲလ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ရုရှားလူမျိုး အေဗရာမိုဗစ်က တာဝန်ယူ ထိန်းချုပ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ အမေရိကန်လုပ်ငန်းရှင် တော့ဘိုလီက တာဝန်ယူလာခဲ့တာပါ။
ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်းကို အမျိုးမျိုးသော အရေးယူမှုတွေ ချမှတ်နိုင်ပြီး အပြောင်းအရွှေ့ ပိတ်ပင်မှုနဲ့ အမှတ်လျှော့ပြစ်ဒဏ်တွေမှာ ချမှတ်နိုင်တယ်လို့ သိရပါတယ်။