Home
အားကစား
ဘရန့်ဖို့ဒ်ကို ချေပဂိုးပေးရသည့် အပေါ် ချဲလ်ဆီးကစားသမားသစ် ဂါနာချို ဝေဖန်ခံရ
DVB
·
September 14, 2025
Photo: Reuters/Peter Cziborra

စက်တင်ဘာ ၁၃ ရက် မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ် အသင်းကို ချေပဂိုး ပေးလိုက်ရတဲ့အပေါ် ချဲလ်ဆီးကစားသမားသစ် ဂါနာချို ဝေဖန်ခံနေရပါတယ်။

အာဂျင်တီးနား ကစားသမားဟာ မန်ယူနိုက်တက်နေ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းသစ်နဲ့ ပွဲဦးထွက်အဖြစ် လူစားဝင်ကစားခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းကို ၈၅ မိနစ်မှာ အနိုင်ဂိုးရခဲ့ပေမဲ့ ၉၃ မိနစ်မှာ ကာဗယ်ဟိုက ချေပဂိုးသွင်းသွားလို့ ၂ ဂိုးစီ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာပါ။

အဲဒီသွင်းဂိုးခွင့်ပြုခဲ့တာဟာ ဂါနာချိုရဲ့ လူကပ်ကစားမှု အားနည်းချက်ကြောင့်လို့ ဘောလုံး သုံးသပ်တင်ဆက်သူ ဂျေမီရတ်နက်ပ် အပါအဝင် ပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။

ဂျေမီရတ်နက်ပ်ကတော့ ချဲလ်ဆီးအသင်း ခွင့်ပြုခဲ့ရတဲ့ ချေပဂိုးက ဂါနာချိုနဲ့ အပြစ်မကင်းဘဲ ခံစစ် ကစားနေရချိန်မှာ မိမိကိုယ်ကိုယ် ခံစစ်ကစားသမားလို့ ခံယူပြီး မိမိနောက်မှာရှိတဲ့ ကစားသမားကို အာရုံစိုက်ဖို့ လိုအပ်ကြောင်း ဂျေမီရတ်နက်ပ်က ဝေဖန်သွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013