
မန်ယူအသင်း ရလဒ်မကောင်းတိုင်း ကစားကွက်ကိုပဲ ဝေဖန်ကြတဲ့အပေါ် နောက်ခံလူ ဒီလစ်က ပြန်လည်တုံ့ပြန်သွားပါတယ်။
မန်ယူအသင်းဟာ အခုတပတ် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြအာမိုရင်ရဲ့ ကစားကွက်အပေါ် မေးခွန်းထုတ်မှုတွေ ပိုမိုကျယ်လောင်လာခဲ့တာပါ။
နောက်ခံလူ ဒီလစ်ကတော့ နည်းပြကို ဝေဖန်ရတာက လွယ်ကူပြီး ကွင်းထဲက ကစားသမားတွေက အဓိကဖြစ်တာကြောင့် ကစားကွက်အပေါ် အမြဲတမ်း ဝေဖန်နေလို့မရကြောင်း ပြောပါတယ်။
အသင်းတသင်းရဲ့ ရလဒ်ပိုင်းက ကစားသမားတွေရဲ့ အာရုံစူးစိုက်မှုနဲ့ လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး အဓိက အခိုက်အတန့်တွေမှာ စွမ်းဆောင်နိုင်မှု အားနည်းသွားမယ်ဆိုရင် ရလဒ်မကောင်းမှာ ဖြစ်ကြောင်း နောက်ခံလူ ဒီလစ်က ပြောပါတယ်။
ယူနိုက်တက်အနေနဲ့ မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းကို ပြန်လည်အနိုင်ယူခဲ့ပြီး နောက်ပွဲတွေမှာ အတူတကွ ကြိုးစားကြဖို့က အရေးကြီးဆုံးအချက် ဖြစ်ကြောင်းလည်း ဒီလစ်က ပြောသွားပါတယ်။