Home
အားကစား
မန်ယူနောက်ခံလူ မက်ဂွဲယား ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ရန် နီးစပ်
DVB
·
October 5, 2025
Photo: REUTERS/David Klein

မန်ယူနောက်ခံလူ ဟယ်ရီမက်ဂွဲယားဟာ ဆော်ဒီပရိုလိဂ်ဆီပြောင်းရွှေ့ဖို့ နီးစပ်လာပါတယ်။

အသက် ၃၂ နှစ်ရှိ အင်္ဂလန်နောက်ခံလူကို အခုနှစ် နွေရာသီအပြောင်းအရွှေ့ကတည်းက ဆော်ဒီကလပ် အယ်လ်နာဆာ၊ အယ်လ်အစ်တီဖက်အသင်းတွေနဲ့ သတင်းထွက်ခဲ့သေးတာပါ။ 

လက်ရှိအချိန် ယူနိုက်မှာလည်း ပွဲကစားချိန် နည်းပါးလာတာကြောင့် အသင်းဖော်ဟောင်း စီရော်နယ်ဒို ကစားနေတဲ့ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့နိုင်ကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။

မက်ဂွဲယားဟာ လာမယ့် ဇန်နဝါရီ ၁ ရက်ကစတင်ပြီး တခြားအသင်းတွေနဲ့ တရားဝင်ဆွေးနွေးခွင့်ရှိပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အသင်းပြောင်းရွှေ့နိုင်ကြောင်း Mirror သတင်းမှာ ဖော်ပြပါတယ်။

၂၀၁၉ ခုနှစ်က လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာသူ မက်ဂွဲယားဟာ အသင်းဆီ ရောက်ရောက်ချင်း မကြာခင်မှာပဲ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး နည်းပြတန်ဟတ်ဂ် လက်ထက်မှာ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသူဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013