
အာဆင်နယ်တိုက်စစ်မှူး ဗစ်တာယိုကရက်စ်ဟာ လက်ရှိအချိန်မှာ ပုံစံကောင်းပြသနေသူဖြစ်ကြောင်း ဆွီဒင်နည်းပြတွန်မက်ဆန်က သုံးသပ်ပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟာ အသင်းနဲ့ ပထမဆုံး၄ ပွဲမှာ ၃ ဂိုးသွင်းခဲ့ပေမဲ့ နောက်ဆုံး ၆ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေတာပါ။
ကလပ်အသင်းအတွက် ဂိုးသွင်းနိုင်ခြင်းမရှိတော့တဲ့အပေါ် ဝေဖန်မှုတွေရှိလာတဲ့တိုင် နိုင်ငံ့လက်ရွေးစင် အသင်းနည်းပြက ချီးကျူးခဲ့တာပါ။
ဗစ်တာယိုကရက်စ်ဟာ အာဆင်နယ်ရဲ့ပွဲတွေမှာ အကျိုးသက်ရောက်မှုမရှိဘူးလို ဝေဖန်မယ်ဆိုရင် အဲဒီလူတွေက ဘောလုံးအကြောင်း နားမလည်သူတွေသာဖြစ်ပြီး ဗစ်တာဟာ ဘောလုံးနဲ့အတူ နေရာယူ၊ ပြေးလွှားမှုတွေ လုပ်ဆောင်ပြီး တခြားကစားသမားတွေအတွက် နေရာလွတ်တွေ ရှာဖွေပေးခဲ့ကြောင်း ဆွီဒင်နည်းပြက ပြောပါတယ်။
ယိုကရက်စ်က အာဆင်နယ်ကို အကျိုးသက်ရောက်မှုများစွာပေးနေတဲ့ တိုက်စစ်မှူးဖြစ်ပြီး အသင်းသစ် ပြောင်းရွှေ့တဲ့ ကစားသမားသစ်တွေဟာ အချိန်တခု လိုအပ်စမြဲဖြစ်ကြောင်းလည်း ဆွီဒင်နည်းပြ တွန်မက်ဆန်က ပြောသွားပါတယ်။