
အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်နဲ့ ချဲလ်ဆီးကွင်းလယ်လူ ကိုင်စီဒို တို့ထက် ပိုကောင်းတဲ့ ကွင်းလယ်ကစားသမားကို မန်ယူဂန္ထဝင် ပေါလ်စခိုးစ်က ရွေးချယ်သတ်မှတ်လိုက်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားကို ရွေးချယ်ရာမှာ ပေါလ်စခိုးရဲ့ ရွေးချယ်မှုက အံ့အားသင့်စရာ ဖြစ်ခဲ့တာပါ။
ကိုင်စီဒိုင်ဟာ လီဗာပူးနဲ့ပွဲမှာ လှပတဲ့ကန်ချက်နဲ့ သွင်းဂိုးရယူနိုင်ခဲ့ပေမဲ့ အရာအားလုံး ကောင်းမွန်တဲ့ ကွင်းလယ်ကစားသမား မဟုတ်သလို ဒက်ကလန်ရိုက်စ်ဟာလည်း မလိုအပ်ဘဲ ဘောလုံးထိချက် များတာကြောင့် မိမိ ကြိုက်နှစ်သက်တဲ့ ကစားပုံ မဟုတ်ကြောင်း ပေါလ်စခိုးစ်က ပြောပါတယ်။
ဒါ့အပြင် လီဗာပူးက မက်အလစ္စတာ၊ နယူးကာဆယ်က ဂီမာရေ့စ်နဲ့ တိုနယ်လီ တို့ကိုလည်း နှစ်သက်ကြောင်း စခိုးစ်က ပြောပါတယ်။
ဒါပေမဲ့ တိုနယ်လီကပဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူဖြစ်ပြီး ရိုက်စ်ထက် ပိုကောင်းတဲ့ ကစားသမားဖြစ်ကြောင်း ပေါလ်စခိုးစ်က သုံးသပ်သွားပါတယ်။