Home
အားကစား
ဒူးဒဏ်ရာရခဲ့သည့် အာဆင်နယ်အသင်း ခေါင်းဆောင် အိုဒီဂတ် နော်ဝေလူစာရင်းက နုတ်ထွက်
DVB
·
October 6, 2025
Photo: Reuters

ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ်အသင်း ခေါင်းဆောင် မာတင်အိုဒီဂတ်ဟာ ဒဏ်ရာကြောင့် နော်ဝေအသင်း လူစာရင်းကနေ နုတ်ထွက်လိုက်ရပါတယ်။ 

အသက် ၂၆ နှစ်ရှိ နော်ဝေနဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ နာရီဝက်ကစား ပြီးနောက် ဒူးအရွတ် ဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာအခြေအနေအသေးစိတ်ကို ဆက်လက်စစ်ဆေးသွားရမှာဖြစ်ပြီး ဘယ်လောက်ကြာတဲ့အထိ အနားယူရမယ်ဆိုတာ အာဆင်နယ်ဘက်က သတင်းမထုတ်ပြန်သေးပါဘူး။ 

ဒူးအရွတ်ဒဏ်ရာဟာ အဆင့် ၁ ဖြစ်မယ်ဆိုရင် တပတ်ကနေ ၃ ပတ်အထိ အနားယူရနိုင်ပြီး အဆင့် ၂ ဆိုရင် ၃ ပတ်ကနေ ၆ ပတ်၊ အဆင့် ၃ ဒဏ်ရာဖြစ်မယ်ဆိုရင် ၆ ပတ်ကနေ ၁၀ ပတ်အထိ အနားယူရနိုင်တယ်လို အရိုးအကြောကျွမ်းကျင်ဆရာဝန်က မှတ်ချက်ပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024