
စက်တင်ဘာ ၄ ရက် မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လီဗာပူးအသင်း ရှုံးပွဲထပ်တွေ့ခဲ့တာကြောင့် အာဆင်နယ်အသင်းက အဆင့် ၁ နေရာ တက်လှမ်းလာပါတယ်။
လက်ရှိ ချန်ပီယံအသင်းဟာ ပြီးခဲ့တဲ့တပတ်က ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို အခုတပတ် ပွဲစဉ်မှာလည်း ချဲလ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ပဲ ရှုံးနိမ့်ခဲ့တာပါ။
အာဆင်နယ်က အစောပိုင်းကစားခဲ့တဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၂ ဂိုးဂိုး မရှိနဲ့ အနိုင်ရခဲ့ပြီး ၇ ပွဲကစား ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်နဲ့ ရမှတ် ၁၆ မှတ်ရရှိကာ အဆင့်တစ်နေရာတက်လှမ်းလာခဲ့တာပါ။
တခြားပွဲစဉ်တွေမှာတော့ မန်ယူနိုက်တက်က ဆန်းဒါးလန်းကို ၂ ဂိုးဂိုးမရှိရလဒ်နဲ့ နိုင်ပွဲ ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး စပါးသင်းကလည်း လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ အဆင့် ၃ နေရာအထိ တက်လှမ်းလာခဲ့ပါတယ်။