
စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဖလော်ရီယန်ဗက်ဇ်ဟာ လီဗာပူးအသင်းရဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက သုံးသပ်သွားပါတယ်။
အသက် ၂၂ နှစ်ရှိ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမားဟာ အခုနှစ်နွေရာသီက လီဗာပူးအသင်းဆီ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၆ သန်းနဲ့ ပြောင်းရွှေ့လာသူပါ။
ဗက်ဇ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ပွဲစဉ်မှာ ဘယ်တောင်ပံနေရာ ထွက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပွဲချိန် ၇၄ မိနစ်မှာ လူစားလဲခံခဲ့ရသူပါ။
ဗက်ဇ်က စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမား ဖြစ်ပေမဲ့ လီဗာပူးအသင်းမှာတော့ သူ့ရဲ့ စွမ်းရည်တွေကို အသုံးချနိုင်ခြင်း မရှိသေးသလို အသင်းရဲ့ ဟန်ချက်ညီမှုကိုတောင် ထိခိုက်စေကြောင်း ဝိန်းရွန်နီက ပြောပါတယ်။
အနာဂတ်မှာ ခြေစွမ်းပြလာနိုင်ဖို့ အလားအလာရှိသည့်တိုင် လက်ရှိအချိန်မှာတော့ လာခြင်းကောင်းတဲ့ ကစားသမား မဖြစ်သေးဘူးဆိုတာ ငြင်းလို့မရတဲ့အချက်ဖြစ်ကြောင်း ဝိန်းရွန်နီက သုံးသပ်သွားပါတယ်။




