
မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ပွဲစဉ်မှာ ပွဲပြီးခါနီး အနိုင်ဂိုးပေးလိုက်ရတဲ့အပေါ် လီဗာပူးအသင်းသားတယောက်ကို နည်းပြ အာနဲစလော့က ပြစ်တင်သွားပါတယ်။
လက်ရှိချန်ပီယံ လီဗာပူးအသင်းဟာ ခရစ္စတယ်ပဲလေ့နဲ့ပွဲစဉ်မှာ ၈၇ မိနစ် ချေပဂိုးနဲ့ သရေကျနေခဲ့ပေမဲ့ နာကျင်အချိန်ပို ၉၇ မိနစ်မှာ အန်ကတ်တီယာရဲ့ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပြီး အခုနှစ်ရာသီမှာ ပထမဆုံး ရှုံးပွဲတွေ့သွားတာပါ။
ရှုံးပွဲအတွက် ခံစစ်ကစားပုံမကောင်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရုံသာရှိပြီး အသင်းရဲ့ ကစားသမားတယောက်က ခံစစ်ကစားရမယ့်နေရာမှာ ရှိမနေဘဲ တန်ပြန်တိုက်စစ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဂိုးခွင့်ပြုလိုက်ရတာာလို့ ပွဲအပြီး အင်တာဗျူးမှာ ပြောပါတယ်။
နည်းပြစလော့အနေနဲ့ ဘယ်ကစားသမားလဲဆိုတာ တိတိကျကျ မပြောခဲ့ပေမဲ့ အန်ကတ်တီယာရဲ့ အနိုင်ဂိုးမှာ ညာနောက်ခံလူ ဖရင်ပေါင်က လူကပ်ထားခြင်း မရှိဘဲ တန်ပြန်တိုက်စစ်ဆင်မယ့် နေရာမှာရောက်နေခဲ့တာကြောင့် ဖရင်ပေါင်ကို ရည်ရွယ်ပြီးပြစ်တင်စကားဆိုခဲ့တာဖြစ်တယ်လို့ မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။




