
ဆောက်သမ်တန်နဲ့ လိဂ်ဖလားပွဲစဉ်မှာ တိုက်စစ်မှူးသစ် အီဆက်ခ် အပါအဝင် ကစားသမားသစ်တွေကို ပွဲထုတ်သွားဖို လီဗာပူးနည်းပြ အာနဲစလော့က စီစဉ်ထားပါတယ်။
ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲအချိန်များများမကစားခဲ့ရတဲ့ ကစားသမားတွေကို အသုံးပြုသွားမှာဖြစ်ပြီး အရန်ကစားသမားတွေအတွက် လိဂ်ဖလားပွဲ မရှိရင်တောင် ခြေစမ်းပွဲကစားဖို့ စီစဉ်သွားရမှာဖြစ်တယ်လို့ နည်းပြအာနဲစလော့က ပြောပါတယ်။
လီဗာပူးလူစာရင်းမှာ တိုက်စစ်မှူးသစ် အီဆက်ခ်ကို ပွဲထုတ်လာဖို့ရှိပြီး လူငယ်ကစားသမားတွေ ဖြစ်တဲ့ ငူမိုဟာနဲ့ ထရေးနိုင်ယွန်နီတိုလို ကစားသမားတွေကိုလည်း နည်းပြစလော့က ပွဲကစားခွင့်ပေးသွားဖို့ ရှိနေပါတယ်။
အီဆက်ခ်ဟာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ အဲဗာတန်နဲ့ ဒါဘီပွဲစဉ်မှာတော့ လူစားဝင်ကစားသမားအဖြစ် အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။




