
လီဗာပူးအသင်းကို ဟန်ချက်ညီအောင် ကြိုးစားရဦးမှာဖြစ်ကြောင်း တိုက်စစ်ကစားသမား ဆာလာက ပြောပါတယ်။
ဘန်လေအသင်းကို နောက်ကျပင်နယ်တီနဲ့ အနိုင်ရခဲ့ပြီးနောက်မှာ ကစားသမားသစ်တွေ ရောက်လာတဲ့အတွက် ကစားကွက်နဲ့အံဝင်ဖို့ အချိန်တခု ယူရမှာဖြစ်ကြောင်းနဲ့ ကစားသမား အဟောင်းနဲ့ အသစ်တွေကြားမှာ ဟန်ချက်ညီဖို့လည်း ကြိုးပမ်းသွားရမှာဖြစ်ကြောင်း ဆာလာက ပြောပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၄ ပွဲစလုံး အနိုင်ရထားပေမဲ့ ပွဲပြီးခါနီးနဲ့ မိနစ် ၈၀ ကျော် ဂိုးတွေကြောင့်သာ ၄ ပွဲစလုံး အနိုင်ရခဲ့တာပါ။
ကစားသမားသစ်တွေကို အသင်းရဲ့ ကစားကွက်ထဲမှာ သက်သောင့်သက်သာဖြစ်စေဖို့ ကူညီပေးနေပြီး တိုက်စစ်မှူး အီဆက်ခ် အနေနဲ့လည်း အသင်းနဲ့ ပူးပေါင်းနေပြီဖြစ်ပေမဲ့ ဟန်ချက်ညီဖို့ အချိန်တခု လိုအပ်မှာဖြစ်ကြောင်း ဆာလာက ပြောသွားပါတယ်။
Photo:Reuters