
လီဗာပူးအသင်းဟာ နောက်ခံလူ ဂေဟီကို ဆေးစစ်ပြီး စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ချိန်မှာပဲ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပါတယ်။
ခရစ္စတယ်ပဲလေ့အသင်းဟာ ဂေဟီအတွက် ပေါင် ၃၅ သန်းနဲ့ ရောင်းချဖို့ သဘောတူခဲ့ပေမဲ့ အပြောင်းအရွှေ့ နောက်ဆုံးနာရီပိုင်းအချိန်ရောက်မှ ဂေဟီကို ပြန်ခေါ် ခဲ့တာပါ။
ပဲလေ့အသင်းအနေနဲ့ ဂေဟီရဲ့နေရာအတွက် အစားထိုးနိုင်မယ့် နောက်ခံလူတယောက်ကို ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် လီဗာပူးနဲ့ သဘောတူညီမှုကို ပြန်လည်ဖျက်သိမ်းသွားခဲ့တာပါ။
လီဗာပူးအသင်းဟာ နောက်ခံလူ ဂေဟီကို ခေါ်ယူဖို့ သြဂုတ်လဆန်းပိုင်းကတည်းက ကစားသမားနဲ့ အကြိုသဘောတူညီမှု ရယူထားပေမဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှ အပြီးသတ်ခဲ့တာကြောင့်လည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
လီဗာပူးဟာ ဂေဟီနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပေမဲ့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကိုတော့ ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။




