
တိုက်စစ်မှူး အီဆက်ခ်အတွက် နယူးကာဆယ်နဲ့ လီဗာပူးအသင်းတို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိသွားပါတယ်။
အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ အပြောင်းအရွှေ့ပြီးမြောက်ဖို့ အပြီးသတ် လုပ်ဆောင်နေပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာတော့မှာပါ။
လီဗာပူးအသင်းဟာ ဆွီဒင်တိုက်စစ်မှူးအတွက် ပေါင် ၁၂၅ သန်းပေးဖို့ သဘောတူညီမှုရခဲ့ပြီး တနင်္လာနေ့မှာ ၆ နှစ်စာချုပ်နဲ့ တရားဝင် ခေါ်ယူသွားမယ်လို့ သိရပါတယ်။
ထပ်ဆောင်းဆုကြေးပါ ပါမယ်ဆိုရင် အီဆက်ခ်အတွက် ပေါင်သန်း ၁၃၀ လောက် ကျသင့်မှာဖြစ်ပြီး ဗြိတိန်ဘောလုံးလောက သမိုင်းတလျှောက် တန်ဖိုးအကြီးဆုံး အပြောင်းအရွှေ့ ဖြစ်လာမှာပါ။
ကနဦးမှာ နယူးကာဆယ်က အီဆက်ခ်ကို ဆက်ထိန်းဖို့ ဆွေးနွေးခဲ့ပေမဲ့ ကစားသမားဖြစ်သူက အသင်းပြောင်းရွှေ့လိုနေတာကြောင့် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကာဆယ်ဟာ အီဆက်ခ်နေရာအတွက် ဂျာမန်ကလပ် စတုဂတ်က တိုက်စစ်မှူး နစ်ခ်ဗာ့ဒမာဒီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၆၉ သန်းနဲ့ ခေါ်ယူထားပါတယ်။