
ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အီဆက်ခ်ဟာ နိုင်ငံတကာပွဲတွေ ပြီးပြီးချင်း နောက်တရက်မှာပဲ လီဗာပူးအသင်းနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း စတင်ဆင်းခဲ့ပါတယ်။
အီဆက်ခ်ဟာ ဆွီဒင်က ကိုဆိုဗိုကို ၂ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ လူစားဝင်ကစားခဲ့ပြီး ပြိုင်ဘက်ကစားသမားတချို့နဲ့လည်း အချင်းများခဲ့ပါသေးတယ်။
၂ ပွဲဆက် အမှတ်ဆုံးရှုံးခဲ့တဲ့ ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့ ရုန်းကန်ရမယ့် အခြေအနေရှိပြီး လက်ကျန်ပွဲတွေမှာ အနိုင်ကစားမှသာ အခွင့်အရေးရှိလာမှာပါ။
အီဆက်ခ် အပါအဝင် ဆွီဒင်ကစားသမားတွေအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေလည်း ရှိပြီး ဆိုးရွားတဲ့မှတ်ချက်ပေးသူ ၁၀ ယောက်ကို ရဲတပ်ဖွဲ့ဆီ အကြောင်းကြားထားကြောင်း ဆွီဒင်အက်ဖ်အေက ထုတ်ပြန်ပါတယ်။
အီဆက်ခ်ဟာ လာမယ့်တနင်္ဂနွေနေ့ ဘန်လေနဲ့ကစားမယ့်ပွဲစဉ်မှာ လီဗာပူးအတွက် ပွဲဦးထွက်ကစားဖို့ ရှိပါတယ်။
Photo: Reuters