
လီဗာပူးအသင်းနဲ့ ပထမဆုံးနှစ်က အလွန်ခက်ခဲခဲ့ကြောင်း အီတလီတောင်ပံတိုက်စစ် ကစားသမား ဖက်ဒရီကို ခီယေဆာက ပြောပါတယ်။
ခီယေဆာဟာ လီဗာပူးဆီမပြောင်းရွှေ့ခင်က ဂျူဗင်တပ်မှာ တရာသီအတွင်း ၃၇ ပွဲ အထိကစားပြီး ၁၀ ဂိုးသွင်းခဲ့ပေမဲ့ မနှစ်က လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲသာ ကစားခဲ့ရပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။
အခုနှစ်ရာသီမှာတော့ ရာသီအစမှာပဲ ပြိုင်ပွဲစုံ ၅ ပွဲ ကစားပြီး တဂိုးသွင်း တဂိုးဖန်တီးမှု ပြုလုပ်ထားပြီး ပွဲကစားချိန်ပိုမိုရရှိလာခဲ့တာပါ။
မနှစ်က ခက်ခဲတဲ့ ဘောလုံးရာသီဖြစ်ခဲ့တယ်ဆိုပေမဲ့ မိမိကိုယ်တိုင်လည်း နည်းပြအလိုရှိတဲ့အတိုင်း ကစားနိုင်မယ်လို့ မထင်ခဲ့ကြောင်း နည်းပြရဲ့ဆုံးဖြတ်ချက်အပေါ် နားလည်လက်ခံခဲ့ကြောင်း ခီယေဇာ ကပြော ပါတယ်။
အခုနှစ်ရာသီမှာတော့ မနှစ်ကနဲ့ ကွဲပြားခြားနားမှုရှိပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပိုကောင်းလာတယ်လို့ ခံစားမိကြောင်း၊ အဲဒီအတွက် နည်းပြကလည်း ပွဲကစားချိန်ပိုပြီးပေးလာခဲ့ တာဖြစ်ကြောင်း ခီယေဆာက ပြောသွားပါတယ်။
Photo:Reuters


