
လီဗာပူးအသင်းဟာ လူငယ်ကြယ်ပွင့် ရီယိုအန်ဂမိုဝါကို ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
အသက် ၁၇ နှစ်ရှိ အင်္ဂလန် ကြယ်ပွင့်ကစားသမားဟာ နယူးကာဆယ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားပြီး မိနစ် ၁၀၀ မှာ အနိုင်ဂိုး သွင်းခဲ့သူပါ။
စာချုပ်သစ်အရ တနှစ်လုပ်ခ ပေါင် ၅၂,၀၀၀ ခန့် ရရှိမယ့် အန်ဂမိုဝါဟာ အရင်လုပ်ခထက် ၃၆၀ ရာခိုင်နှုန်း တိုးမြှင့်ရရှိလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ မနှစ် စက်တင်ဘာလကမှ ချဲလ်ဆီးအသင်းကို စွန့်ခွာပြီး လီဗာပူးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။
အက်ရင်တန်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသက် ၁၆ နှစ် ၁၃၅ ရက်နဲ့ ပွဲထွက်ကစားခဲ့ပြီး အသင်းသမိုင်းတလျှောက် အသက်အငယ်ဆုံး ပွဲထွက်ကစားခဲ့သူအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အင်္ဂလန်သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေမှာ ကစားခဲ့သူ အန်ဂမိုဝါဟာ လက်ရှိအချိန်မှာလည်း အင်္ဂလန် ယူ-၁၉ လက်ရွေးစင်တယောက်ဖြစ်ပြီး လီဗာပူးအသင်းက နှစ်ရှည်စာချုပ်တရပ်နဲ့ သက်တမ်းတိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters


