
ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းဟာ ထိပ်တန်းအသင်းတသင်းလို မကစားနိုင်ခဲ့ကြောင်း အသင်းဂန္ထဝင်နောက်ခံလူ ကာရေဂါက ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ တူရကီကလပ် ဂါလာတာစာရေးနဲ့ အဝေးကွင်းပွဲစဉ်မှာ အိုဆီမန်ရဲ့ ၁၆ မိနစ် ပင်နယ်တီသွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရတာပါ။
ဂါလာတာစာရေးနဲ့ပွဲစဉ်မှာ လီဗာပူးအသင်းကို ထိပ်တန်းအသင်းတသင်းလို မမြင်တွေ့ခဲ့ရသလို ဘောလုံးကစားနေတာမဟုတ်ဘဲ ဘတ်စကက်ဘော ကစားနေတာနဲ့ တူနေကြောင်း ကာရေဂါက ပြောပါတယ်။
နည်းပြ အာနဲစလော့က ကောင်းမွန်တဲ့နည်းပြဖြစ်ပေမဲ့ အသင်းရဲ့ လက်ရှိအခြေအနေက ပြင်ဆင်စရာတွေ အများကြီး ရှိနေသေးကြောင်းနဲ့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းကြောင်း ကာရေဂါက ပြောသွားပါတယ်။




