Home
အားကစား
နည်းပြအာမိုရင် မန်ယူအသင်းမှ နုတ်ထွက်သင့်ဟု ကာရေဂါပြော 
DVB
·
September 30, 2025
Photo: Reuters

မန်ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင် အနေနဲ့ အသင်းကနေ နုတ်ထွက်သင့်ကြောင်း လီဗာပူးဂန္ထဝင် ကစားသမား ဂျေမီကာရေဂါက တိုက်တွန်းပြောကြားလိုက်ပါတယ်။

နည်းပြအာမိုရင်ဟာ အခုနှစ်ရာသီအစမှာပဲ ရလဒ်ဆိုးတွေနဲ့ ထပ်မံကြုံတွေ့နေရပြီး သူဦးဆောင်တဲ့ မန်ယူအသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၄ အထိ ရောက်ရှိနေတာပါ။

အာမိုရင်ဟာ နည်းပြရာထူး ဆက်လက်ခိုင်မြဲနေတာ ယူနိုက်တက်တာဝန်ရှိသူတွေဘက်က သူ အမှားဆက်လက်လုပ်ဆောင်မိတယ် ဆိုတာကို ဝန်မခံချင်တာကြောင့်ဖြစ်ပြီး လက်ရှိအခြေအနေက ယူနိုက်တက်နဲ့ နည်းပြအာမိုရင်အတွက် ကပ်ဘေးတခုလို ဖြစ်နေကြောင်း ကာရေဂါက စကိုင်းစပေါ့ရဲ့ Monday Night Football အစီအစဉ်မှာ ပြောပါတယ်။

နည်းပြအာမိုရင်ဟာ စပို့တင်းမှာ နှစ်သက်စရာကောင်းတဲ့ ကစားပုံကို တည်ဆောက်နိုင်ခဲ့ပေမဲ့ မန်ယူနိုက်တက်ရဲ့ ရိုးရာကစားပုံနဲ့ ကိုက်ညီမှုမရှိကြောင်း၊ လက်ရှိအချိန်မှာ အသင်းကနေ နုတ်ထွက်သွားတာက နှစ်ဖက်စလုံးအတွက် အကောင်းဆုံးအဖြေဖြစ်ကြောင်း အင်္ဂလန်ကစားသမားဟောင်း ကာရေဂါက တိုက်တွန်းသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013