
မိမိရဲ့အနာဂတ်အပေါ် ဘယ်တုန်းကမှ စိုးရိမ်ခြင်းမရှိကြောင်းနဲ့ မန်ယူအသင်းနဲ့အနာဂတ်ကိစ္စက အသင်းကသာ ဆုံးဖြတ်မှာဖြစ်ပြီး မိမိအနေနဲ့ အသင်းမှာရှိနေသမျှ အကောင်းဆုံး လုပ်ဆောင်သွားမှာဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းနဲ့ အနာဂတ်အပေါ် မေးမြန်းရာမှာ နည်းပြအာမိုရင်က ပြန်လည် ဖြေကြားခဲ့တာပါ။
ဘောလုံးသုံးသပ်သူ ဝက်စ်ဟမ်းကစားသမားဟောင်း အက်ရှ်လေဝီလီယံကတော့ မန်ယူနိုက်တက် အနေနဲ့ နည်းပြအပြောင်းအလဲလုပ်ဦးမှာမဟုတ်ပေမဲ့ လက်ရှိရလဒ်တွေအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင်တော့ နည်းပြအာမိုရင်ရဲ့အနာဂတ်ကို ခြိမ်းခြောက်လာနိုင်ကြောင်း သုံးသပ်သွားပါတယ်။