
မန်ယူနိုက်တက်အသင်းအပေါ် အကောင်းပြောပေးမယ့်လူတွေမရှိကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲစဉ်အပြီး ဝေဖန်မှုတွေ ခံခဲ့ရတဲ့အပေါ် မေးမြန်းရာမှာ နည်းပြအာမိုရင်က ပြန်လည်ဖြေကြားခဲ့တာပါ။
ကစားသမားတယောက်စီ အထုတ်ခံခဲ့ရတဲ့ မန်ယူနဲ့ ချဲလ်ဆီးပွဲစဉ်မှာ မန်ယူအသင်းဟာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၁၀ နေရာအထိ ခုန်တက်လာနိုင်ခဲ့တာပါ။
အသင်းရဲ့အကြောင်းနဲ့ ရလဒ်ပိုင်းအပေါ် အကောင်းပြောတဲ့လူမရှိဘဲ ဝေဖန်မှုတွေ အားလုံးအပေါ် ဘာမှ မတုံ့ပြန်ချင်ကြောင်း၊ ဘယ်လိုပဲဝေဖန်သည်ဖြစ်စေ အသင်းက နိုင်ပွဲရခဲ့ပြီး ဒါက မိမိတို့အတွက် အရေးပါခဲ့ကြောင်း နည်းအာမိုရင်က ပြောပါတယ်။
မန်ယူအသင်းဟာ လာမယ့်တပတ် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။