
မန်ယူနိုက်တက်ကစားသမားတွေကို ဆိုရှယ်မီဒီယာအသုံးမပြုဖို့ တိုက်တွန်းထားကြောင်း နည်းပြ ရူဘင် အာမိုရင်က ပြောသွားပါတယ်။
အသင်းရလဒ်ဆိုးရွားနေချိန်မှာ ဝေဖန်မှုတွေရှိနေတဲ့အပေါ် စိတ်ဖိစီးမှု မဖြစ်စေဖို့အတွက် ဆိုရှယ်မီဒီယာအသုံးမပြုဖို့ နည်းပြအာမိုရင်က တိုက်တွန်းထားတာပါ။
အခုခေတ်ကာလမှာ ဆိုရှယ်မီဒီယာကနေ တဆင့် ဆိုးကျိုးတွေရှိနေပြီး အရေးကြီးဆုံးက ဆိုရှယ်မီဒီယာတွေရဲ့အပြင်ဘက်ဘဝက ကလပ်အသင်းနဲ့ မိတ်ဆွေတွေဖြစ်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။
ယူနိုက်တက်ဟာ အခုတပတ်ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး တိုက်စစ်ကစားသမား အာမတ်ဒီယယ်လိုက မိသားစုအရေးကိစ္စကြောင့် ပါဝင်နိုင်မှာမဟုတ်သလို ကွင်းလယ်လူ ကတ်စမီရိုဟာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။
Photo: Reuters